• Seino thu leh kipatna
  • Seino nasepna
  • Seino Photo
  • Online Music
  • Contact us
Banner
Main Menu
  • Home
Health & Knowledge
  • အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး
  • မျက်တောင်ခတ်ခြင်းနှင့် မျက်စိကျန်းမာရေး
  • အပူလွန်ကဲခြင်းဆိုင်ရာ သတိပြုရန်
  • ရေအကျိုး(၁၀)ပါး
  • သွေးလွန်တုတ်ကွေးရောဂါ အတု
  • ပျားရည်အစွမ်းထက်ပုံ
Our Proudly Honours
  • Sithu.Dr.Vum Kho Hau
  • စီယံနှင့် သူ၏ အနုပညာတေးသွားများ
Articles
  • Eipau i neih lote kua aa zang ding?
Who's Online
We have 1 guest online
Login Form



  • Forgot your password?
  • Forgot your username?

မိန်းမကိုယ် ကျန်းမာရေးအတွက် အမျိုးသမီးတိုင်း လိုက်နာသင့်သော အချက်များ

အမျိုးသမီးတွေအနေနဲ့ မိန်းမကိုယ် ယားယံခြင်း၊ အနံ့အသက်မကောင်းခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်း စတဲ့ ပြဿနာတွေ ကင်းဝေးနေစေဖို့ရာအတွက် အောက်ပါအချက်တွေကို လိုက်နာပေးဖို့ လိုပါတယ်။

အဝတ်အစားနှင့် လျှော်ဖွပ်သန့်စင်ခြင်း

- ချည်သားနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံဘောင်းဘီကို ဝတ်ဆင်ပါ။
- တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီကို မဝတ်ပါနဲ့။
- ကျပ်လွန်းတဲ့ ဘောင်းဘီရှည်၊ စကတ်အစား သက်သောင့်သက်သာရှိတဲ့ ဘောင်းဘီရှည်နဲ့ စကတ်တို့ကို ဝတ်ဆင်ပါ။
- စိုစွတ်နေတဲ့ ရေကူးဝတ်စုံနဲ့ အားကစားဝတ်စုံတို့ကို ချက်ချင်းလဲပါ။
- အတွင်းခံဘောင်းဘီကို လျှော်ဖွပ်တဲ့အခါ စင်ကြယ်အောင် ရေနဲ့သေချာဆေးကြောပါ။ ရေကို သေချာညှစ်ပြီး နေပူပူမှာ လှန်းပါ။
- ခြောက်သွေ့သွားတဲ့အခါ မီးပူတိုက်ပြီးမှ ဝတ်ဆင်ပါ။

တစ်ကိုယ်ရေ သန့်ရှင်းရေး

- အိမ်သာသွားပြီး ရေဆေးသန့်စင်ပြီးတဲ့အခါတိုင်း နူးညံ့ပြီး အနံ့မပါတဲ့ အဖြူရောင် အိမ်သာသုံးစက္ကူနဲ့ ခြောက်သွေ့အောင် သုတ်ပေးပါ။
- မိန်းမကိုယ် ပူစပ်ပူလောင်ဖြစ်ခြင်းနဲ့ ယားယံခြင်းတို့ သက်သာစေဖို့ ကြက်သီးနွေးရေ ဒါမှမဟုတ် ရေအေးထဲမှာ စိမ်ပေးနိုင်ပါတယ်။
- မိန်းမကိုယ်အင်္ဂါတစ်ဝိုက်မှာ ရှမ်ပူနဲ့ ခေါင်းလျှော်တာမျိုးရှောင်ပါ။ ခေါင်းလျှော်ရင် ရှမ်ပူတွေကျသွားတာမျိုးလည်း မဖြစ်ပါစေနဲ့။
- မိန်းမကိုယ်အတွင်းပိုင်းကို အမြှုပ်ထတဲ့ ဆပ်ပြာရည် ဒါမှမဟုတ် အမွှေးနံ့သာပါတဲ့ ဆပ်ပြာရည်တွေနဲ့ မသန့်စင်ပါနဲ့။
- မိန်းမကိုယ်အတွင်းပိုင်းကို ရေအေး ဒါမှမဟုတ် ကြက်သီးနွေးရေနဲ့သာ ဆေးကြောပေးပါ။
- ဆီးသွားပြီးတိုင်း မိန်းမကိုယ်ကို ရေနဲ့ဆေးကြောပေးပါ။
- ဆီးသွားချင်စိတ်ရှိတိုင်း ဆီးအိတ်ထဲ ဆီးမပြည့်ခင် ဆီးသွားပေးပါ။
- ဝမ်းမချုပ်အောင် ဂရုစိုက်ပါ။ ဝမ်းမချုပ်အောင် အစားအသောက်ထဲမှာ အမျှင်ဓာတ်ပါဝင်အောင် စားသုံးပြီး အနည်းဆုံး တစ်နေ့ ရေရှစ်ဖန်ခွက် သောက်ပေးပါ။
- လစဉ် ရာသီလာတိုင်း ၁၀၀ ရာခိုင်နှုန်း ချည်သားနဲ့ လုပ်ထားတဲ့ လစဉ်သုံးဂွမ်းထုပ်ကို သုံးပါ။
- အိမ်ထောင်ရှိသူ အမျိုးသမီးတွေအနေနဲ့ Sex ကိစ္စပြီးတိုင်း ဆီးသွားပြီး ရေအေးနဲ့ ဆေးကြောပေးဖို့လိုပါတယ်။

ကိုယ်လက်လှုပ်ရှားမှုများ

- မိန်းမကိုယ်ပေါ်မှာ တိုက်ရိုက်ဖိအားသက်ရောက်စေတဲ့ စက်ဘီးစီးခြင်းနဲ့ မြင်းစီးခြင်းလို အားကစားမျိုးကို ရေရှည်မလုပ်သင့်ပါ။
- လမ်းလျှောက်ခြင်း၊ ခပ်သွက်သွက်ပြေးခြင်းတို့လို လေ့ကျင့်ခန်းမျိုးကို လုပ်ဆောင်ပေးပါ။
- စိတ်နဲ့ခန္ဓာကိုယ် အနားရစေကာ အကြောပြေစေမယ့် ယောဂလေ့ကျင့်ခန်းကို လုပ်ဆောင်ပါ။
-ကလိုရင်းအများအပြားခတ်ထားတဲ့ ရေကူးကန်ထဲမှာ ရေမကူးသင့်ပါ။
-ရေပူစိမ်ခြင်းကို ရှောင်ပါ။

နေ့စဉ် နေထိုင်မှုပုံစံ

- လုပ်ငန်းခွင်မှာ တစ်နေ့လုံး ထိုင်နေရမယ်ဆိုရင် အချိန်တစ်နာရီကြာတိုင်း လမ်းထလျှောက်ပေးပါ။
- ဖုန်းပြောခြင်း၊ ရေသောက်ခြင်း၊ အိမ်သာသွားခြင်းစတဲ့ ကိစ္စတွေအတွက် လမ်းလျှောက်ပေးနိုင်ပါတယ်။

myanmarnewszone

 

Add comment


Security code
Refresh

Send
Cancel
JComments

Copyright © 2009 --- Webdesign aus Tirol - All Rights Reserved.
Template Demo Joomla 1.5 Template by pc-didi..

Webdesign aus Tirol designed by PC-DIDI.